UWSA အား နအဖ က ပစ်မှတ်ရှာနေမှု သတင်း

 

ရှမ်းပြည်နယ်တွင် ယခုတလော နအဖက စစ်ရေးပြင်ဆင်မှု ပြုလုပ်နေကြောင်း၊ UWSA အပေါ် နအဖက သည်းမခံနိုင်ကြောင်းတို့ကို စစ်ဖက်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင် (လကသ - ရှမ်းတဲ) မှာ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) စစ်ဆင်ရေးရဲ့ ညွှန်ကြားချက်အရ လေတပ်မှ တရုတ်လုပ် A-5 ဂျက်တိုက်လေယာဉ်တွေနဲ့ ရုရှားလုပ် MiG-29 ဂျက်တိုက်လေယာဉ်တွေဟာ မြေပြင်တိုက်ခိုက်မှု လေ့ကျင့်ခန်းများကို ပြင်းပြင်း ထန်ထန် ဆောင်ရွက်နေကြကြောင်း သတင်းရရှိပါတယ်။ လေ့ကျင့်ခန်းကာလကတော့ ၈-၃-၂၀၁၀ ရက်နေ့မှ ၁၁-၃-၂၀၁၀ ရက်နေ့ (ယနေ့အထိ) ဖြစ်ပါတယ်။ အလားတူ တောင်ငူ လေတပ်စခန်း ဌာနချုပ်တွင်ရှိသော တရုတ်လုပ် F-7 ဂျက်တိုက်လေယာဉ်များလည်း လေ့ကျင့်ခန်း ဆောင်ရွက်နေကြပါတယ်။ A-5 နှင့် F-7 ဂျက်တိုက်လေယာဉ် အများစုဟာ Hour ကုန်လုနီးပါးလေယာဉ်များ ဖြစ်ကြသော်လည်း ပိုင်းလော့လေယာဉ်မှူးများမှာ ဘုရားဖက်ပြီး ကြိတ်မှိတ် လေ့ကျင့်နေကြရပါတယ်။

 


 

ဒါ့အပြင် လေတပ်က မကြာမီ ၀ယ်ယူတော့မယ့် ရုရှားလုပ် Mi-35 ရဟတ်ယာဉ် (ရုရှားပြည်တွင်းသုံး Mi-24) တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့အတွက် နိုင်ငံခြားသင်တန်းစေလွှတ်ရန် အရာရှိ/ စစ်သည် စုစုပေါင်း ၂၀၀ ဦးခန့်ကို ရွေးချယ်ထားပြီး ဆေးစစ်နေကြကြောင်းလည်း သတင်းရရှိပါတယ်။ ဝေဟင်မှ မြေပြင်ပစ် Missile လက်နက်များပါ ၀ယ်ယူမည်ဖြစ်ပြီး ရည်ရွယ်ချက်မှာ UWSA “၀” တပ်ဖွဲ့များကို ချေမှုန်းဖို့ အမြန်ဆုံး စီစဉ်နေတယ်လို့ သိရှိရပါတယ်။ ရှမ်းပြည်နယ်မှာ ငြိမ်းချမ်းရေး ရယူခဲ့စဉ်က ကိုးကန့်နဲ့ တိုက်ပွဲမဖြစ်ခင်ကာလ အထိ ရှမ်းပြည်နယ်တစ်ခုလုံးကို တပ်မနှစ်ခုဖြင့်သာ ထိန်းကွပ်ထားရာမှာ ယခုဆိုလျှင် တပ်မ (၃၃)၊ (၅၅)၊ (၇၇)၊ (၉၉) စသည့် တပ်မများ အလုံးအရင်းနဲ့ ရောက်ရှိနေရာယူနေကြပြီ ဖြစ်ပါတယ်။ ဗကပနဲ့ တိုက်ပွဲဖြစ်ခဲ့စဉ်က အတွေ့အကြုံများအရ ကျားကုတ်ကျားခဲ တိုက်ရဲကြတဲ့ “၀” တပ်ဖွဲ့တွေကို တပ်မတော်သားများဟာ အကြောင်းသိနေကြပြီးဖြစ်လို့ တိုက်ပွဲ ထပ်မံ ဖြစ်ပွါးပါက အသက်၊ သွေး၊ ချွေး တော်တော်ရင်းကြရမှာ ဖြစ်ကြောင်းလည်း သိရှိနေကြပါတယ်။ UWSA “၀” ခေါင်းဆောင်များအား နအဖက မူးယစ်ဆေးဝါး အကြောင်းပြပြီး မိမိအစီအစဉ်နဲ့ တိုက်မှာလား၊ အမေရိကန်ရဲ့ အသိအမှတ်ပြု ထောက်ခံမှုကို ရယူပြီးမှ တိုက်မှာလား ဆိုတာကတော့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ မူလကမှ UWSA ကို နအဖက ပစ်မှတ်ရှာနေချိန်မှာ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပြီးလိုက်ချိန်၌ ဘယ်လိုကိုင်တွယ်သွားမယ် ဆိုတာကို တပ်မတော်သားများက စိုးရိမ်တကြီး စောင့်ကြည့်နေကြရကြောင်း စစ်ဖက်နဲ့နီးစပ်သူ အသိုင်းအ၀ိုင်း ရပ်ကွက်က သတင်း ပေးပို့လာပါတယ်။

သဘောထားရေးမယ်


စည်းလုံးခြင်းရဲ့  အင်အား ၀က်ဘ်ဆိုဒ်မှာ -

 

  1. သတင်းဌာနများနဲ့ မီဒီယာများမှ လေ့လာ မှတ်သား သတင်းကဏ္ဍများကို တစုတဝေးတည်း လေ့လာ ဖတ်ရှုလိုပါက ဒီနေရာကို နှိပ်ပြီး သွားရောက် ကြည့်ရှုနိုင်ပါတယ်။
  2. ဆောင်းပါးများကို တစုတဝေးတည်း လေ့လာ ဖတ်ရှုလိုပါက ဒီနေရာကို နှိပ်ပြီး သွားရောက် ကြည့်ရှုနိုင်ပါတယ်။
  3. Breaking News နဲ့ Hot News များအား တစုတဝေးတည်း လေ့လာ ဖတ်ရှုလိုပါက ဒီနေရာကို နှိပ်ပြီး သွားရောက် ကြည့်ရှုနိုင်ပါတယ်။
  4. သင်္ခါရ တရားနဲ့ စစ်အာဏာရှင်များ၊ ဇာခန်းဆီ နောက်ကွယ်မှ ဇာတ်လမ်းများနဲ့ တပ်တွင်း ဖြစ်ရပ်မှန်များအား တစုတဝေးတည်း လေ့လာ ဖတ်ရှုလိုပါက ဒီနေရာကို နှိပ်ပြီး သွားရောက် ကြည့်ရှုနိုင်ပါတယ်။
  5. ကျွန်တော် ကိုဖိုးတရုတ်ရဲ့  အင်တာဗျူး အပါအ၀င် ပြည်တွင်းပြည်ပမှ တပ်မတော် အရာရှိ စစ်သည်တွေရဲ့  အင်တာဗျူးများအား တစုတဝေးတည်း လေ့လာ ဖတ်ရှုလိုပါက ဒီနေရာကို နှိပ်ပြီး သွားရောက် ကြည့်ရှုနိုင်ပါတယ်။
  6. အနာဂတ် မြန်မာနိုင်ငံတော် အတွက် လူငယ်လူရွယ်များ ဗဟုသုတ အသိပညာအဖြစ် ရရှိနိုင်မဲ့ နိုင်ငံပြု ပညာအား ဒီနေရာကို နှိပ်ပြီး သွားရောက် လေ့လာ ဖတ်ရှုနိုင်ပါတယ်။
  7. သတင်းနဲ့ ဆောင်းပါးများ၊ အကြံပြု တိုက်တွန်းလွှာ များအား ပေးပို့ လိုပါက admin@photayokeking.org သို့ ပေးပို့ ဆက်သွယ်နိုင်ကြပါတယ်၊ ဆက်သွယ်လာတဲ့ စာဖတ် ပရိတ်သတ်များအား နွေးထွေး ပြူငှာစွာ ကြိုဆိုပါတယ် ခင်ဗျား..



သတင်းဌာနများနှင့် မီဒီယာများမှ လေ့လာမှတ်သား သတင်းကဏ္ဍများ

Saturday, 13 March 2010 08:40
  • ရခိုင်ခေါင်းဆောင် ဦးအေးသာအောင်နဲ့ ရွေးကောက်ပွဲ အပြည့်အစုံသို့
  • ရှမ်း SNLD နဲ့ ကချင် KSPP ပါတီ တို့ရဲ့ရွေးကောက်ပွဲပေါ် သဘောထားတွေ အပြည့်အစုံသို့
  • လာဟောမြို့ တိုက်ခိုက်မှု လူအများ သေဆုံး အပြည့်အစုံသို့
  • မြန်မာစစ်အစိုးရကို အရေးယူပိတ်ဆို့မှု ဆက်လုပ်ဖို့လို အပြည့်အစုံသို့
  • ရုရှားလက်နက် ဒေါ်လာသန်း ထောင်ပေါင်းများစွာဖိုး အိန္ဒိယ ၀ယ်ယူ အပြည့်အစုံသို့
  • ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပေးဖို့ ဥရောပသမဂ္ဂ တိုက်တွန်း အပြည့်အစုံသို့
  • ရွေးကောက်ပွဲ အတုအယောင်အဖြစ် အာဆီယံအဖွဲ့ဝင်တွေ ဝေဖန် အပြည့်အစုံသို့
  • ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ စတင် အပြည့်အစုံသို့
  • မြန်မာကို ဆက်လက် ဒဏ်ခတ် ပိတ်ဆို့မှုများ လိုအပ် အပြည့်အစုံသို့
  • ဟံသာဝတီ ဦးဝင်းတင်၏ မွေးနေ့နှင့် စာအုပ်သစ် ဖြန်ႛချိပွဲ ကျင်းပ အပြည့်အစုံသို့
  • သုံးရောင်ခြယ်ကျောင်းသား ကိုမြတ်စံ ထောင်မှ ပြန်လည်လွတ်မြောက် အပြည့်အစုံသို့
  • မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒသစ် မအောင်မြင်သည့်သဘော ကင်းဘဲလ် ဝန်ခံ အပြည့်အစုံသို့
  • မြန်မာစစ်အစိုးရက တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ စကင်ဒီနေးဗီးယန်း လေးနိုင်ငံ တောင်းဆို အပြည့်အစုံသို့
  • ကေအိုင်အိုနဲ့ မြန်မာစစ်အစိုးရတို့ နယ်ခြားတပ်ကိစ္စ ထပ်မံဆွေးနွေး အပြည့်အစုံသို့
  • မြန်မာ လူ့အခွင့်အရေးချိုးဖောက်မှု စစ်ဆေးရေးဖွဲ့ဖို့ ကင်တားနား အဆိုပြု အပြည့်အစုံသို့
  • စစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်ဆဲလို့ အမေရိကန်အစိုးရ ထုတ်ပြန် အပြည့်အစုံသို့
  • စစ်ရာဇ၀တ်မှုများ စုံစမ်းရန် ကင်တာနာပြော အပြည့်အစုံသို့
  • တေးရေး တေးဆို ယာဉ်မောင်းစက်ပြင် အပြည့်အစုံသို့
  • စီးပွားရေးကြော်ငြာများ… မြန်မာတီဗီ နှင့် … ငါတို့ မြန်မာပြည် အပြည့်အစုံသို့
  • ဦးတင်ဦး နှင့် ဦးဝင်းတင် မွေးနေ့အသီးသီး မြန်မာအရေးလှုပ်ရှားသူများ လူငယ်များ ကျင်းပ အပြည့်အစုံသို့
  • ဘေးဧရိယာ၊ ဥက္ကလံမြို့ ဓမ္မအေးရိပ်ဘုန်းကြီးကျောင်း ဖွင့်ပွဲ ဖိတ်ကြားလိုက်ပါသည် အပြည့်အစုံသို့
  • ပန်းချီကိုမျိုး - ဘုန်းမော်နေ့ (မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့) ၂၂ နှစ် ပို့စကဒ် အပြည့်အစုံသို့
  • စစ်ရာဇဝတ်မှုများအတွက် ကော်မရှင်ဖွဲ့ရန် ကွင်တားနား အကြံပြု အပြည့်အစုံသို့
  • အန်အယ်ဒီအတွက် ထောင်ချောက်သတိ အပြည့်အစုံသို့
  • အမေရိကန်သံတမန် မြန်မာသို့ လည်ပတ်ရန် ဆွေးနွေး အပြည့်အစုံသို့
  • ရွေးကောက်ပွဲ ဥပဒေအပေါ် အတိုက်အခံများရဲ့ သဘောထား အပြည့်အစုံသို့
  • သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် (၈၀) ပြည့်မွေးနေ့ပွဲနဲ့ ‘ဘာလဲဟဲ့ လူ့ငရဲ’ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား မဲဆောက်မြို့ AAPP ရုံးမှာ ကျင်းပ အပြည့်အစုံသို့
  • နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် နိုင်ငံရေးပါတီများ၏ အမြင်သဘောထားများ အပြည့်အစုံသို့
  • နယ်ခြားစောင့်အရေး နအဖနှင့် ကေအိုင်အို တွေ့ဆုံ အပြည့်အစုံသို့
  • မြန်မာစစ်အစိုးရတပ်များ ၀ ထိန်းချုပ်နယ်မြေအနီးသို့ ရောက်လာနေ အပြည့်အစုံသို့

 

 

ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၈)

Friday, 12 March 2010 11:42

 

ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၈)

 

ဆောင်းပါးရှင် - ဖထီး မန်းရောဘဇန်

 

အပိုင်း (၇) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

 

ဆွန်ဇူး၏ (ဒဿန) ကို (Apply) လုပ်ရန်၊ အကောင်အထည်ဖေါ်ရန် တပ်မှူး ဗိုလ်မှူးကြီး စိုးစိုးထံ သတင်းပို့ပြီး ဗိုလ်သွေးအား တပ်မှူးထံ ခေါ်သွားသည်။ ဘတ်ငွေ ငါးသောင်း ထုတ်ပေးလိုက်သည်။ ဗိုလ်သွေး တစ်ဖွဲ့လုံး မိမိတို့တပ်ဖွဲ့နှင့် ပူးပေါင်းလိုက် သည်။ မိမိတို့၏ တောင်ဘက်ပိုင်း (နအဖ) တပ်မှလွဲ၍ ရန်သူမရှိတော့ပါ။ ဗိုလ်သွေးနှင့် တောင်ပိုင်း (ဒညတ) ပြဿနာ ပြေလည်သွားပါပြီ။

 

မှတ်ချက်။

 

ခေါင်းဆောင်ကြီး စောဘဦးကြီး၏ (The enemy of my enemy is my friend) “ငါ့ ရန်သူ၏ ရန်သူသည် ငါ့မိတ်ဆွေ ဖြစ်သည်” နှင့် တရုတ်စစ်ပါရဂူ ဆွန်ဇူး၏ (The supreme act of war is to subdue the enemy without fighting) “စစ်၏ အမြင့်ဆုံး လုပ်ဆောင်မှုသည် ရန်သူကို မတိုက်ရဘဲ အောင်နိုင်ခြင်း ဖြစ်သည်” ဆိုသည့် လမ်းညွှန်မှုကို မှန်ကန်စွာ အသုံးချ လိုက်သဖြင့် ဗိုလ်သွေးအဖွဲ့နှင့် ပေါင်းစည်းမှု ရလိုက်ခြင်း ဖြစ်သည်။ အကယ်၍ ဗိုလ်သွေးအဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားရပါက ဘတ်ငွေ (ငါးသောင်း) ထက်မက ကုန်ကျမည် ဖြစ်ပြီး အသက်များစွာ ဆုံးရှုံးရုံမက အရင်းအနှီးနှင့် တန်ဖိုးများများ ပေးဆပ် ရမည် ဖြစ်သည်။

 

မြောက်ပိုင်းရှိ မွန်အဖွဲ့နှင့် တွေ့နိုင်ရန် စီစဉ်ရပြန်သည်။ (ဗဂုံမာန်) အဖွဲ့သည် (တရုတ်ဖြူ) ထံမှ အကူအညီ ရကြောင်း၊ တပ်မှူး တချို့ (တိုင်ဝမ်) တွင် စစ်သင်တန်း သွားတက် ကြောင်း၊ လက်နက်နှင့် စစ်သည်အင်အား ကောင်းမွန်ကြောင်း သတင်းရ သည်။ မွန်အဖွဲ့နှင့်တွေ့ရန် ၎င်းတို့နှင့်နီးစပ်သော ၎င်းတို့ထံ ဝင်ထွက်နိုင်သူကို ရှာသည်။ တွေ့ရပါသည်။ မွန်အဖွဲ့နှင့် ရင်းနှီသူမှာ ဗိုလ်သွေး ဖြစ်နေသည်။ မွန်အဖွဲ့နှင့် တွေ့ရန် ဗိုလ်သွေးအား စီစဉ်ခိုင်းရာ ၎င်းတို့မှ မိမိအား -

 

“တွေ့ချင်ရင် တစ်ယောက်ထဲ လာခဲ့” ရန် အကြောင်းကြားသဖြင့် မိမိတစ်ယောက်တည်း သွားရန် ဆုံးဖြတ်လိုက်သည်။

 

 

ဖထီး မန်းရောဘဇန်

 

ခရီးမထွက်မှီ မိမိရဲဘော်များနှင့် တွေ့ပြီး မွန်အဖွဲ့နှင့် သွားတွေ့ရေးကို ဆွေးနွေးရာ သဘောတူသူရှိသလို ကန့်ကွက်သူလည်း ရှိသည်။

 

“ဘာကြောင့် တစ်ယောက်ထဲ လာခိုင်းရတာလဲဗျ၊ အဖေါ်တစ်ယောက်တောင် ခေါ်သွားခွင့် မရရင် အသက်အန္တရာယ် မရှိနိုင် ဘူးလား”

 

“ရပါတယ်ကွာ၊ ဗိုလ်သွေးလည်း လိုက်မှာ ဖြစ်တယ်၊ မွန်အဖွဲ့ဟာ ငါတို့အတွက် အရေးကြီးတယ်”

 

မဟာမိတ်မဖွဲ့နိုင်ရင် ရေရှည်ရပ်တည်ဖို့ ခက်မယ်၊ ရန်သူကို အေးအေးဆေးဆေး တိုက်နိုင်မှာ မဟုတ်ဘူး၊ မွန်နဲ့ ကရင်ဟာ သမိုင်းစဉ်တလျောက်လုံး ဘုံရန်သူဆန့်ကျင်ရေးမှာ ဘဝတူတွေ ဖြစ်တယ်။ ကရင်လက်နက်ကိုင် တော်လှန်ရေး အစမှာ (KNDO) နဲ့ (MNDO) ရှိတယ်။ ရန်သူကို အတူ တိုက်ခဲ့ကြတယ်။ မွန်ခေါင်းဆောင်ကြီးတွေနဲ့ ကရင် ခေါင်းဆောင်ကြီးတွေကြား သစ္စာပြုချက် (၄) ချက် ရှိခဲ့တယ်။

 

အပြည့်အစုံသို့
 

သတင်းဌာနများနှင့် မီဒီယာများမှ လေ့လာမှတ်သား သတင်းကဏ္ဍများ

Friday, 12 March 2010 09:04

 

 

ပညာတော်သင်တဲ့လား… - အပိုင်း (၂)

Thursday, 11 March 2010 13:15

 

ပညာတော်သင်တဲ့လား… - အပိုင်း (၂)

 

ဆောင်းပါးရှင် - မြန်မာပြည်သား (ရုရှားရောက် မြန်မာပညာတော်သင်တစ်ဦး)

 

အပိုင်း (၁) ကို ဒီနေရာကို နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

 

ကျနော် ဘာလို့ ဒီလိုပြောနိုင်သလဲဆိုရင် ကျနော်တို့ကိုယ်တိုင် ရုရှားနိုင်ငံရဲ့ အကောင်းဆုံးလို့ ပြောနိုင်တဲ့ တက္ကသိုလ်တွေမှာ ပညာသင်ယူ နေကြရသူတွေပါ။ တချို့ ရှရှားက တက္ကသိုလ်လေးများမှာဆိုလျှင် နိုင်ငံခြားငွေရဖို့သာ အဓိကထားပြီး ကျောင်း ကို တစ်ပါတ် ၃ ရက်လောက် သွားတက်ရုံမျှနဲ့ပင် ဘွဲ့ပေးနေပါတယ်။ ကျနော့်အနေနဲ့ အရပ်ဘက် တက္ကသိုလ် အသီးသီးမှာ ကျန်ရစ်ခဲ့တဲ့ ကျနော်တို့ရဲ့ ထူးချွန်သော ဆရာ/ ဆရာမတွေ၊ ကထိက၊ ပါမောက္ခကြီးတွေနဲ့ တကယ့်ကို လေးစားလောက် ဖွယ်ရာ (ဂျာမနီ၊ အင်္ဂလန်၊ ဂျပန် အစရှိတဲ့ နိုင်ငံတွေက ပညာတော်သင်ပြန်) ဆရာ ဆရာမကြီးတွေ ရှိရက်နဲ့ ဒီရုရှားနိုင်ငံကို နိုင်ငံတော်ပိုက်ဆံ (ပြည်သူပိုင်ပိုက်ဆံ) များအား ဖြုန်းတီးမှုသက်သက်သာ ပညာတော်သင် စေလွှတ်နေတယ်လို့ ယူဆပါ တယ်။ သူတို့သင်ပေးတဲ့ ပညာမျိုးတွေဟာ မြန်မာပြည်မှာပင် သင်ယူရရှိနိုင်ပါတယ်။ ဒီနိုင်ငံကို ပေးသွင်းရတဲ့ ဘဏ္ဍာများ၊ ပြင်ဦးလွင် စာပေ - (၂) ခေါ် စစ်တက္ကသိုလ် - (၂) တွင် ကုန်ကျမယ့် ပြည်သူ့ ဘဏ္ဍာများကို မြန်မာ့ပညာရေးမှာ (သင်ထောက်ကူများအတွက်) အသုံးချပြီး မြန်မာနိုင်ငံက ဆရာများနဲ့ပင် သင်ယူနိုင်ပါတယ်။

 


 

ယခုတော့ မြန်မာပြည်က M.E ၊ B.E ၊ M.Sc. ၊ B.Sc. ဘွဲ့ရများကို မြန်မာ့ပညာရေးတွင် ဂုဏ်ထူးတန်း၊ B - tech အဆင့် လောက်သာသာရှိသော ပညာရေးအား ဘာဘွဲ့အတွက် ရုရှားမှာ လာသင်ယူနေကြရမှန်းပင် မသိကြရပါ။ ရုရှားကိုမလာခင် အဆင့်ဆင့်သော အကြီးအကဲများ ပြောခဲ့တာကတော့ ဘွဲ့ကို မရရအောင် ယူခဲ့ကြပါတဲ့။ ကျနော် အဲဒီအချိန် တုန်းက မမေးရဲ ခဲ့သည်ကို ယခုမေးရလျှင်ဖြင့် မြန်မာနိုင်ငံအတွက် လိုအပ်နေတာဟာ နိုင်ငံခြား ဘွဲ့လက်မှတ်တွေ ဖြစ်နေပါသလား။ တကယ် လိုအပ်တဲ့ ပညာရပ်များလားဟု မေးချင်ပါတယ်။

 

အပြည့်အစုံသို့
 

ယနေ့ မြန်မာ့နိုင်ငံရေးအပေါ် စစ်မှုထမ်းဟောင်းတစ်ဦး၏ အမြင်

Wednesday, 10 March 2010 12:11

 

ယနေ့ မြန်မာ့နိုင်ငံရေးအပေါ် စစ်မှုထမ်းဟောင်းတစ်ဦး၏ အမြင်

 

ဆောင်းပါးရှင် - သံကြိုး

 

စာဖတ်ပရိတ်သတ်များခင်ဗျား

 

ပင်တိုင်ဆောင်းပါးရှင် တပ်ကြပ်ကြီးတစ်ဦးဖြစ်တဲ့ သံကြိုးက “စည်းလုံးခြင်းရဲ့ အင်အား” ဝက်ဘ်ဆိုဒ်သို့ “ယနေ့ မြန်မာ့ နိုင်ငံရေးအပေါ် စစ်မှုထမ်းဟောင်းတစ်ဦး၏ အမြင်” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ပေးပို့လာပါတယ်။ ဒီဆောင်းပါးမှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဝင်သူများကို ဝေဖန်ထောက်ပြထားပုံ၊ ကမ္ဘာ့နိုင်ငံ အသီးသီး ဒီမိုကရေစီစနစ်ကို ပြောင်းလဲ သွားရာတွင် ပုံစံ (၃) မျိုးရှိပုံ၊ အဲ့ဒီပုံစံများနဲ့ မြန်မာ့နိုင်ငံရေး အခြေအနေ ဖြစ်စဉ်များကို နိှုင်းယှဉ် သုံးသပ်ထားပုံများဟာ စာဖတ် ပရိတ်သတ်များကို ဗဟုသုတ ရရှိစေပါတယ်။ ယခုလို ပေးပို့တဲ့အတွက် ပင်တိုင်ဆောင်းပါးရှင် သံကြိုးအား ကျွန်တော် ကိုဖိုးတရုတ်က အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုဖော်ပြအပ်ပါတယ်။

 

နိုင်ငံရေးဆိုသည် ဘာလဲဆိုတာက စရရင် ပြည်သူလူထုတစ်ရပ်လုံး၏ စားဝတ်နေရေး၊ လူမှုရေး လိုအပ်ချက်မှန်သမျှဟာ နိုင်ငံရေးဘဲ၊ နိုင်ငံရေးကို ဘယ်လိုလူတွေ ဦးဆောင်မလဲ။ ဒီနေရာမှာ အစိုးရ (Government) ရဲ့ အဓိပ္ပါယ် လိုလာတယ်။ အစိုးရဆိုတာ လူ့အဖွဲ့အစည်းရဲ့ ကြီးကြပ်ထိန်းကိုင်မှု၊ လူ့အဖွဲ့အစည်းမှာ လက်အောက်တင်ပြမှု မရှိတဲ့ အစိုးရရဲ့ အုပ်ချုပ်မှု ဟာ ယန္တရားဆန်တယ်။ ပြည်သူလူထု လိုအပ်ချက်ကို လိုက်လုပ်ပေးတဲ့ အစိုးရမျိုး ပြည်သူလူထုက လိုလားကြတယ်။ အစိုးရ ရဲ့ လိုအပ်ချက်ကို ပြည်သူလူထုက လိုက်လုပ်ပေးနေရတဲ့ အစိုးရမျိုးကို နားလည်သော ပြည်သူတွေက လိုက်မလုပ်ပေး နိုင်ဘူး။ မလိုလားကြဘူး။

 

လက်ရှိ မြန်မာနိုင်ငံကို အုပ်ချုပ်နေတာက သူတို့ပြောတော့ တပ်မတော်အစိုးရဘဲ၊ တကယ်က အာဏာရှင် စစ်အစိုးရဘဲ။ စတင် အာဏာယူစဉ်က ရဟန်းရှင်၊ ကျောင်းသား ပြည်သူတွေကို သတ်ဖြတ်ပြီး အကြောက်တရားနဲ့ တိုင်းပြည်ကို အုပ်ချုပ် တာ (၄၈) နှစ်ခန့် ကြာခဲ့ပြီ။ ယနေ့ နိုင်ငံရေးသမားတွေကလည်း အာဏာရှင်စနစ် ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး အော်နေ ကြတယ်။ အုပ်ချုပ်နေတဲ့ စစ်အစိုးရကလည်း လမ်းပြမြေပုံ (၇) ရပ် ချမှတ်ပြီး လုပ်နေတယ်။ အဆင့် (၅) တောင် ရောက်နေ ပြီး မကြာခင် ရွေးကောက်ပွဲ လုပ်တော့မယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လေသံတွေလည်း ကြားနေရတယ်။

 

 

နိုင်ငံတော်၏ အနာဂတ် ရေရှည်အကျိုးစီးပွားအား ရည်ရွယ်လျက် ကျင်းပနေပါသည်ဟု

စစ်အစိုးရမှ အကြိမ်ကြိမ် လိမ်လည်ခဲ့ခြင်းအား ၎င်းတို့၏ စစ်ခေါင်းဆောင်ကြီးများက

ငိုက်မြည်းလျက် ဤကဲ့သို့ သက်သေထူခဲ့သည်

 

ဦးသုဝေ၊ ဒေါ်သန်းသန်းနု၊ ချိုချိုကျော်ငြိမ်း၊ ဦးဘဆွေသမီး တို့ကလည်း ရွေးကောက်ပွဲ ၀င်ဖို့ တာစူနေပြီ။ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ သူတွေလည်း ရှိတယ်။ ရှေ့တိုး ထမ်းပိုး နောက်ဆုတ်ရင် လှည်းကျိုး၊ ရွေးကောက်ပွဲ ၀င်မဲ့သူတွေက ပွဲလန့်တုံး ဖျာခင်းတာဖြစ်မယ်ဆိုပြီး ဟိုတလောက ရေဒီယိုမှာ ကြားလိုက်တယ်။ VOA ကလည်း စကားလွန်မယ်တဲ့။ နိုင်ငံရေးသမား တွေ ဆိုတာက ဖျာလွတ်ရင် ၀င်ထိုင်မှာဘဲ။ လှေကြုံတွေ့ရင် စီးမယ်။ အလှူတွေ့ရင် ၀င်စားမယ်။ အိုင်တွေ့လို့မှ မကူးတဲ့ ကျွဲက ကျွဲရူးဆိုတဲ့ လူမျိုးတွေ ရှိသလို၊ နောက်ကျိနေတဲ့ ရေမှာလည်း ကျွဲကတော့ ကူးမှာဘဲ။

 

တိုင်းပြည်အတွက် တကယ်အလုပ်လုပ်မဲ့ နိုင်ငံရေးသမား မှန်ရင်တော့ ရေနောက်ကို အရင်ဆုံး ကြည်အောင်လုပ်ပြီးမှ ခပ်ချိုးကြမယ်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆိုတဲ့ အိုင်ထဲမှာ ကျွဲတွေဘဲ လူးမယ်။ လွှတ်တော်ထဲရောက်ရင် ဘာမှပြောရမှာ မဟုတ်တဲ့ အခြေအနေနဲ့ ရွေးကောက်ပွဲ ၀င်ကြမယ်ဆိုရင်တော့ ပြည်သူတွေ နွံထဲနစ်ပြီးရင်း နစ်နေမှာ ဖြစ်တယ်။

 

အပြည့်အစုံသို့
 

ပညာတော်သင်တဲ့လား… - အပိုင်း (၁)

Tuesday, 09 March 2010 12:51

 

ပညာတော်သင်တဲ့လား… - အပိုင်း (၁)

 

ဆောင်းပါးရှင် - မြန်မာပြည်သား (ရုရှားရောက် မြန်မာပညာတော်သင်တစ်ဦး)

 

စာဖတ်ပရိသတ်များခင်ဗျား

 

ရုရှားနိုင်ငံရောက် မြန်မာပညာတော်သင်တစ်ဦးက “ပညာတော်သင်တဲ့လား” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ်သို့ ဆက်သွယ်ပြီး ပေးပို့လာပါ တယ်။ ဒီဆောင်းပါးမှာ နိုင်ငံတော်အကြီးအကဲတွေဟာ နျူးကလီးယား အတွက် ရုရှားနိုင်ငံကို ပညာတော်သင် (စစ်ဗိုလ်) အများအပြားအား နိုင်ငံခြားငွေတွေ အမြောက်အများ အကုန်အကျခံပြီး (၁၀) နှစ်စာချုပ် ချုပ်ကာ DSA အပတ်စဉ် (၅၀) အထိ စေလွှတ်ခဲ့ပုံ၊ ၂၀၀၈ ခုနှစ်မှာ အရပ်ဘက် ပညာတော်သင်တွေကိုပါ ရွေးချယ်ပြီး သိပ္ပံနဲ့နည်းပညာ ၀န်ကြီးဌာနက ကထိက ဆရာများနဲ့ အဆင်မြင့်ပညာဦးစီးဌာနက နည်းပြ သရုပ်ပြ ဆရာ တွေကိုပါမကျန် အယောက် (၂၀၀) နီးပါး ရွေးချယ်စေလွှတ်ခဲ့ပုံ၊ ရုရှားနိုင်ငံမှ ပြန်ရင် ဘာဆက်လုပ်ရမည်မှန်း မသိသလို သက်ဆိုင်ရာ တက္ကသိုလ် ကောလိပ်များမှာ ပြန်လည် တာဝန်ထမ်းဆောင်ရမယ် ဆိုရင်လည်း ဘယ်ဌာနတွင် နေရမယ်မှန်း မသိဖြစ်နေကြပုံ၊ ရုရှားနိုင်ငံရှိ တချို့တက္ကသိုလ်များမှာဆိုလျှင် နိုင်ငံခြားငွေရဖို့ အဓိကထားပြီး ကျောင်းကို တစ်ပါတ် ၃ ရက် လောက် သွားတက်ရုံမျှနဲ့ပင် ဘွဲ့ပေးနေပုံ၊ မြန်မာနိုင်ငံကို ကောင်းစေ ချင်ရင်၊ ပညာကိုတကယ်လိုအပ်ရင် မြှောက်စားလိုရင် တော့ တကယ့်ပညာရမယ့် တိုင်းပြည်တွေကိုသာ စေလွှတ်သင့်ပုံ၊ တနည်း မြန်မာပြည်တွင်းမှာဘဲ မြန်မာ့ပညာရေး အတွက် ရုရှားမှာကုန်ကျမဲ့ စရိတ်တွေအား အသုံးပြုစေချင်ပုံတွေကို သုံးသပ် တင်ပြထားပါတယ်။ ယခုလို ပေးပို့လာတဲ့အတွက် ဆောင်းပါးရှင် ရုရှားရောက် မြန်မာပညာတော်သင် မိတ်ဆွေအား ကျွန်တော် ကိုဖိုးတရုတ်က အထူးကျေးဇူးတင်ရှိပါကြောင်း နဲ့ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် ပင်တိုင်ဆောင်းပါးရှင်အဖြစ် ဆက်လက် ရေးသားပေးပို့နိုင်ရန် တိုက်တွန်းရင်း တင်ပြ လိုက်ပါတယ်။

 

၂၀၀၉ ခုနှစ်အတွက် “အကောင်းဆုံး နိုင်ငံအကျိုးပြု သတင်းနဲ့စာပေဆု” ကို ရရှိခဲ့တယ်သိရလို့ စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် တည်ထောင်ခဲ့သူ ကိုဖိုးတရုတ်နဲ့အတူ ထပ်တူထပ်မျှ ၀မ်းသာဂုဏ်ယူမိပါတယ်။ သူငယ်ချင်းအနေနဲ့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရင်တွင်းဖြစ် ဆောင်ပါးများ၊ ရင်တွင်း ခံစားချက် သတင်းအမှန်များဖြင့် ကြိုးစားခဲ့တာ ဖြစ်သလို ကျွန်တော်တို့ အနေနဲ့ကလည်း နိုင်ငံကောင်းစားဖို့အတွက် အလိုရှိသူတွေဖြစ်ပါတယ်။ ကျနော့်အနေနဲ့ နိုင်ငံရေးကို ကောင်း ကောင်း နားမလည်ပါ။ ဘယ်သူတွေ အုပ်ချုပ်စေချင်ပါတယ် ဘာတွေပြောင်းလဲ စေချင်ပါတယ်လို့လည်း မပြောတတ်ပါ။

 

 

ရုရှားရောက် ပညာတော်သင်များ မိန်းကလေးဝတ်စုံဖြင့် ကခုန်နေပုံ

 

ကျနော်သိတာက ကျနော်တို့ နိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေအလယ်ကို မပြောနဲ့ အရှေ့တောင်အာရှမှာကို နိမ့်ပါးနေခဲ့ရပါပြီ။ ကျနော်တို့ အားလုံး ၀ိုင်းဝန်းကြိုးစားကြရမှာ ဖြစ်ပါတယ်။ ကြိုးလည်း ကြိုးစားချင်ကြပါတယ်။ ဒါပေမယ့် အဲလို ကြိုးစားခွင့် ကိုပဲ ရရှိအောင် အမျိုးမျိုးသော ဖိနှိပ်မှုတွေကြားကနေ စွမ်းနိုင်သလောက်လေး သန်မာပြနေကြရတယ် မဟုတ် ပါလား။

 

အပြည့်အစုံသို့
 

သိုးထိန်းရဲ့ ဘ၀ကောက်ကြောင်း တစ်စိတ်တစ်ဒေသ - အပိုင်း(၂)

 သိုးထိန်းရဲ့ ဘ၀ကောက်ကြောင်း တစ်စိတ်တစ်ဒေသ - အပိုင်း(၂)

 

ဆောင်းပါးရှင် - သိုးထိန်း

 

အပိုင်း (၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

 

အဲဒီပုဂ္ဂိုလ်များ (ယာဉ်တိုက်မှုကို ကြည့်ဖို့လာနေတဲ့ ပုလိပ် ၂ ယောက်) အား အားကိုးတကြီးနဲ့ ကျွန်တော်က အမောတကော ပြောလိုက်ရပါတယ်…

အပြည့်အစုံသို့
 

အရပ်ဘက် စစ်ဘက်ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၂၃)

 အရပ်ဘက် စစ်ဘက်ဆက်ဆံရေး နှင့် ဒီမိုကရေစီ - အပိုင်း (၂၃)

 

ဆောင်းပါးရှင် - ကိုကျော်ထင်

 

အပိုင်း (၂၂) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

 

အရပ်သား သြဇာအာဏာ ကျယ်ပြန့် လာနေသည့် ပုံစံအမျိုးမျိုးတွင် ပို၍ များပြားလာသော ပွင့်လင်းမြင်သာမှု (transparency)၊ ဒူးမား (Duma) လွှတ်တော်၏ ကြီးကြပ်မှု၊

အပြည့်အစုံသို့
 

ဒီပဲယင်းကိစ္စအလွန် မြန်မာ့နိုင်ငံရေး - အပိုင်း (၂)

 ဒီပဲယင်းကိစ္စ အလွန် မြန်မာ့ နိုင်ငံရေး - အပိုင်း (၂)

 

ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်

 

အပိုင်း (၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

 

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်ကြီး ဟောင်း သူရတင်ဦးနှင့် နိုင်ငံရေး အကျဉ်းသားအချို့ကို ဦးစွာပထမ

အပြည့်အစုံသို့
 
More Articles...


Page 1 of 25

Who's Online

We have 79 guests online
JoomlaWatch Stats 1.2.8b_10-dev by Matej Koval

 

 


 

တပ်မတော် အရာရှိ

မောင်စည်သာ

ရေးသားသော

သပြေတခက်

ကြွေရက်ကယ်စော

နဲ့

သိကြားစေ သက်သေညွှန်း

ဆောင်းပါးများ

 


 

မဆလခေတ်

အာဏာရှင်ကြီးများ၏

အတွင်းရေး ရေးသားသော

ဒုဗိုလ်မှူးကြီး ကြည်ဆွေ

ဆောင်းပါးများ ပေါင်းချုပ်

 


 

တပ်မှူးကောင်းမှ

တပ်ကောင်းမည်

အပါအ၀င်

ဒုဗိုလ်မှူးကြီး အေးမြင့်

ဆောင်းပါးများ ပေါင်းချုပ်

 


 

တိုက်ရေယာဉ် ၁၀၃

ရေးသားသော

ဗိုလ်မှူး သော်က

ဆောင်ပါးများ ပေါင်းချုပ်

 


 

ဒေါ်အောင်ဆန်းစုကြည်အား

 ဗိုလ်သန်းရွှေမှ

စိတ်ပိုင်းဆိုင်ရာ လုပ်ကြံမှု

အပါအ၀င်

ဗိုလ်မှူး အောင်လင်းထွဋ်

ဆောင်းပါးများ ပေါင်းချုပ်

 


 

ဒီမိုကရေစီနဲ့ တပ်မတော်

ဆောင်းပါးတွဲ

အပါအ၀င်

ဗိုလ်မှူး ကျော်ကျော်ခိုင်

ဆောင်းပါးများ ပေါင်းချုပ်

 


 

ဗိုလ်ကြီး စိုင်းဝင်းကျော်

ဗိုလ်ကြီး စိန်သောင်း

အစရှိတဲ့ တပ်မတော်

အရာရှိတွေရဲ့ 

သဘောထား ထင်မြင်

ယူဆချက်များ

 


 

ဟိုတစ ဒီတစ တပ်တွင်း

အက်ကွဲစများ

အပါအ၀င် ပြည်တွင်းမှ

တပ်မတော် အရာရှိ

ဝေဟင်ရဲ့  ဆောင်းပါးများ

ပေါင်းချုပ်

 


 

တရုတ် ပြည်သူ့

လွတ်မြောက်ရေး

 တပ်မတော် PLA တွင်

သွားရောက် ပညာ

သင်ကြားနေသော

မြန်မာ့ တပ်မတော်

အရာရှိများ အကြောင်း

တစေ့တစောင်း

 


 

မတရား စီရင်မှု

အပါအ၀င်

ပြည်တွင်းမှ တပ်မတော်

အရာရှိ ညီတိုးငြိမ်း

ဆောင်းပါးများ ပေါင်းချုပ်

 


 

ဗိုလ်ချုပ်ကြီး ရွှေမန်းသား

တိုးနိုင်မန်း အကြောင်း

အပါအ၀င်

ဗိုလ်အောင်မြေ

ဆောင်းပါးများ ပေါင်းချုပ်

 


 

တိုင်းပြည်အပေါ်

တကယ် ချစ်ကြပါ

အပါအ၀င်

တပ်မတော် အရာရှိ

သိုးထိန်း ဆောင်းပါးများ

 


 

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ 

 ကိုယ်ရံတော် တပ်ဖွဲ့

 အပါအ၀င် ရုရှားပြန်

 တပ်မတော် အရာရှိ Lt.Comet

ဆောင်းပါးများ ပေါင်းချုပ်

 


 

ဝဋ်ကြွေး ဂယက်ထဲက

တပ်မတော်သားများ

အပါအ၀င်

တပ်မတော် အရာရှိ သူရနိုင်

ဆောင်းပါးများ ပေါင်းချုပ်

 


 

တပ်ကြပ်ကြီး (လေ) ဘုန်းမြင့်ရဲ့ 

ပြည်သူသာ အမိ

ပြည်သူသာ အဖ

ဆောင်းပါးတွဲရှည်ကြီး

 


 

နအဖရဲ့ စိတ်ကူးယဉ်

ပင့်ကူ ကွန်ယက်ကြီး

ရေးသားသော ပြည်တွင်းမှ

တပ်မတော်သား

မိုးကြိုး ဆောင်းပါး

 


 

စစ်သားတဦးရဲ့ 

ရှစ်လေးလုံး ဝေဒနာ

အပါအ၀င်

ပြည်ပရောက်

တပ်မတော် (လေ)

စစ်သည် မင်းသစ္စာ

ဆောင်းပါးများ

ပြည်တွင်းမှ ဒုတိယ

တပ်ရင်းမှူး တစ်ဦးရဲ့ 

တပ်မတော် အကြီးအကဲများ

ထံသို့ အိတ်ဖွင့်ပေးစာ

 


 

ပြည်တွင်းမှ တပ်မတော် အရာရှိ

အောင်မင်း ရေးသားသော

ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၏

ညီအကိုချင်း တော်စပ်သူ

ဗိုလ်မှူးကြီး တစ်ဦးရဲ့ 

အိမ်တွင်း လူသတ်မှုနှင့်

အလောင်းဖျောက်ဖျက်မှုကြီး

 


 

ပြည်တွင်းမှ တပ်မတော် အရာရှိ

ဓူဝံကြယ် ရေးသားသော

ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏

သားတော်မောင် ဖြစ်တဲ့

ဗိုလ်တိုးနိုင်မန်းရဲ့ 

လူသတ်မှု ဇာတ်လမ်း

 


 

ပြည်တွင်းမှ တပ်မတော် အရာရှိ

စစ်မင်းနိုင် ရေးသားသော

ကျွန်တော်နှင့် ကျွန်တော်

လေးစားခဲ့ဖူးသော

မြန်မာ့ တပ်မတော် အကြောင်း

 


 

ပြည်တွင်းမှ ထောက်လှမ်းရေး

အရာရှိဟောင်း စေတမန်

ရေးသားသော

ထောက်လှမ်းရေး တစ္ဆေ

အခြောက်ခံနေရသူများ

 


 

ပြည်တွင်းမှ တပ်မတော် အရာရှိ

ကျော်ဇေလတ် ရေးသားသော

ရှမ်းတောင်တန်းပေါ်က ခရေပွင့်

 


 

ဗိုလ်စောစေးထူး ရေးသည့်

စစ်မှန်သော တိုင်းရင်းသား

စည်းလုံးညီညွတ်ရေးနှင့်

တပ်မတော်

 


 

ဗိုလ်တင့် ရေးသားသော

တကယ်ဖြစ်ချင် တကယ်လုပ်

အဟုတ် ဖြစ်ရမည်

 


 

အရပ်ဘက် - စစ်ဘက်

ဆက်ဆံရေးနှင့်

ဒီမိုကရေစီ ဆောင်းပါး

တွဲရှည်ကြီး အပါအ၀င်

ကိုကျော်ထင် ဆောင်းပါးများ

ပေါင်းချုပ်

 


 

စက်တင်ဘာ ရွှေဝါရောင်

တော်လှန်ရေး ကိုယ်တွေ့ဖြစ်စဉ်

ဆွေးနွေးဖလှယ် အမြင်ကျယ်

<br /> <br /><a href="http://www.onlinecasinoextra.com/">casinos</a> <a href="http://www.99counters.com/">counter</a>

Web Stats free counters
counter Free counter and web stats