စစ်အာဏာရှင်ရဲ့  ၀ါဒဖြန့်နည်း

Sunday, 23 August 2009 22:04 ကိုဖိုးတရုတ်
Print

စာဖတ်ပရိသတ်များ ခင်ဗျား

 

စစ်အာဏာရှင်ကို မလွန်ဆန်နိုင်တဲ့ ပြည်တွင်းက ဂျာနယ်တွေ စာစောင်တွေမှာ မူလက စစ်အစိုးရရဲ့ အတိုက်အခံ ဖြစ်ခဲ့ပြီးတော့ အခုအခါ အခွင့်အရေးတွေပေး ဖဲ့ထုတ်စည်းရုံး ခံထားရသူတွေက ၂၀၁၀ ရွေးကောက်ပွဲကို ကြိုဆိုလှုံ့ဆော်တဲ့ ဆောင်းပါးတွေ အဆက်မပြတ် ရေးသား ပေးနေရတယ်လို့ ကကလှမ်းမှာ စစ်ဦးစီးမှူး ဒုတိယတန်း တာဝန် ထမ်းဆောင်ခဲ့ပြီး အမေရိကန် သံရုံး ယာယီ တာဝန်ခံ တစ်ဦးလည်း ဖြစ်ခဲ့တဲ့ ဗိုလ်မှူး အောင်လင်းထွဋ်က VOA နဲ့ အင်တာဗျူးရာမှာ ကွက်ကွက်ကွင်းကွင်း ထောက်ပြသွားခဲ့ပါတယ်။

 

ဒါ့အပြင် ပြည်ပကနေ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့လိုသူတွေနဲ့ စစ်အစိုးရက စိစစ်ရွေးချယ်ကာ တွေ့ပေးပြီး ဒီပုဂ္ဂိလ်တွေ ပြည်ပကို ပြန်ရောက်လာရင် ဒေါ်အောင်ဆန်းစုကြည် တင်းမာနေတာကြောင့် မြန်မာပြည်မှာ အခက်အခဲတွေ ဖြစ်နေရတဲ့ အနေအထားမျိုးနဲ့ ပြည်ပမှာ စစ်အစိုးရက ၀ါဒဖြန့်ဖွယ် ရှိတယ်လို့လည်း သူတာဝန်ထမ်းဆောင်ခဲ့စဉ်က တွေ့ကြုံရပုံတွေနဲ့ နှိုင်းယှဉ်ပြီး တင်ပြထားပါတယ်။ VOA ၀ိုင်းတော်သား Ko Ronnie Nyein က ဆက်သွယ် မေးမြန်းတာမှာ စစ်အစိုးရရဲ့  ဖဲ့ထုတ်စည်းရုံးခံထားရသူတွေနဲ့ ပတ်သက်ပြီး ဗိုလ်မှူး အောင်လင်းထွဋ်က ပြည့်ပြည့်စုံစုံ တင်ပြ ထားတဲ့ အသံဖိုင်ကို စာဖတ်ပရိသတ်များအား တင်ပြပေးလိုက်ရပါတယ်။ အခုလို အသံဖိုင်အား ပေးပို့လာတဲ့ ဗိုလ်မှူး အောင်လင်းထွဋ်အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ကျွန်တော် ကိုဖိုးတရုတ်က စည်းလုံးခြင်းရဲ့  အင်အားတွင် ဖော်ပြအပ်ပါတယ် ခင်ဗျား။

 

 

Last Updated on Tuesday, 29 December 2009 16:29
 

MNDA ကိုးကန့်အဖွဲ့အပေါ် နအဖရဲ့  အမြတ်ထုတ်မှု

Monday, 17 August 2009 14:55 administrator
Print

စာဖတ်ပရိသတ်များခင်ဗျား

 

ဖုန်ကြားရှင် ဦးစီးတဲ့ ကိုးကန့်အဖွဲ့နဲ့ နအဖတို့အကြားမှာ အခုတလော တင်းမာမှုတွေ ဆက်တိုက် ဖြစ်ပွား နေပါတယ်။ လောက်ကိုင်မှာရှိတဲ့ ဖုန်ကြားရှင်ရဲ့ အိမ်ကို စစ်တပ်က အတင်းအကျပ် ၀င်ရောက်ရှာဖွေရန် ကြိုးစားခဲ့ရာမှ နှစ်ဖက်လက်နက်ကိုင်တပ်များ ပစ်ခတ်ကြလုနီးအထိ ဖြစ်ခဲ့ရာ ဒေသခံများ ထိတ်လန့်တကြား ထွက်ပြေး ခဲ့ကြရပါတယ်။ ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက သတိပေးရတဲ့ အခြေအနေအထိ တင်းမာ လာခဲ့ရာ မဟာမိတ် အပစ်ရပ်လေးဖွဲ့များဖြစ်ကြတဲ့ KIA ကချင်နဲ့ UWSA ၀ တပ်ဖွဲ့တို့ကပါ စစ်ပြင်ဆင်လျှက် ရှိပါတယ်။ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး နအဖရဲ့  မရိုးသားတဲ့ အကြောင်းပြချက်တွေ၊ လောက်ကိုင်ဒေသ တ၀ိုက်မှာ နအဖရဲ့  စစ်အင်အားတင်းချဲ့ ပုံတွေနဲ့ ပတ်သက် ပြီး ဗိုလ်မှူး အောင်လင်းထွဋ် အား VOA မှ ကိုရော်နီငြိမ်းက အင်တာဗျူးခဲ့တဲ့ အသံဖိုင်ကို စာဖတ်ပရိသတ်များအား တင်ဆက် ပေးလိုက်ပါတယ်။ ယခုလို အင်တာဗျူး အသံဖိုင်ကို ပေးပို့လာတဲ့ ဗိုလ်မှူး အောင်လင်းထွဋ်အား အထူး ကျေးဇူးတင်ရှိပါကြောင်း ကျွန်တော် ကိုဖိုးတရုတ်မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်ခင်ဗျား။

 

Last Updated on Tuesday, 29 December 2009 16:30
 

၈၈၈၈ ဂုဏ်ပြု အထူးအစီအစဉ်

Print

 အရေးအခင်း ကာလအတွင်း စစ်အာဏာရှင်နှင့် စစ်တပ်မှ လှုပ်ရှားမှုများ အပေါ် ဝေဖန်သုံးသပ်မှုများ

 

စာဖတ်ပရိတ်သတ်များ ခင်ဗျား

တပ်မတော် ထောက်လှမ်းရေး ညွှန်ကြား ရေးမှူးရုံးတွင် စစ်ဦးစီးမှူး (ဒုတိယတန်း) တာဝန် ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးအောင်လင်းထွဋ်က ရှစ်လေးလုံး လူထုအုံကြွမှု အရေးခင်း ကာလအတွင်း ဦးနေ၀င်းဟာ စက်တင်ဘာ (၁၆) ရက်နေ့မှာ အစည်းအဝေး ခေါ်ယူခဲ့ပုံတွေ၊ နိုင်ငံရေးသမား ခေါင်းဆောင် (၃၃) ဦးအား မဖြစ်မနေ ဖမ်းခိုင်းတာထက် အထက် အမိန့်အရ မလွဲမရှောင်သာလို့ လုပ်ဆောင်ရာမှာ နိုင်ငံရေးသမား (၂) ဦးကိုသာ ခေါ်ယူ ခဲ့ပုံတွေ၊ လူထုထဲသို့ ဒေါ်အောင်ဆန်းစုကြည် သိက္ခာကျစေရေးအတွက် အထက်အမိန့်အရဟု ဆိုကာ ကကလှမ်း ဒုညွှန်မှူး ဗိုလ်မှူးချုပ်သန်းထွန်းက ဗိုလ်ကြီး သက်တင်စိန်၊ ဗိုလ်ကြီးဥာဏ်လင်း၊ ဗိုလ်ကြီးစည်သူတို့အား စာရွက်စာတမ်း ဖြန့်ဝေခိုင်းရာမှ ဗိုလ်ကြီး စည်သူအား လူထုက ဖမ်းမိပုံတွေ ၊ အရေးအခင်းကာလ အတွင်း မဆလ စစ်အာဏာ ရှင်တွေက အင်းစိန်ထောင်နဲ့ ထောင်များကို “ရုံ”   ခါ ခဲ့ပုံတွေ၊ လက်ရှိ တာဝန်ထမ်းဆောင် နေတဲ့ စရဖ၊ SB၊ စသုံးလုံးနဲ့ ကြံ့ဖွံ့၊ စွမ်းအားရှင်တို့ဟာ စနစ်တကျ လေ့ကျင့်ထားမှု မရှိတာကြောင့် အားနည်းနေလို့ လူထုအုံကြွမှု အခွင့်အလမ်း ရှိနိုင်ပုံတွေကို VOA အသံလွှင့်ဌာနမှ ဦးသန်းလွင်ထွန်းနဲ့ ဆွေးနွေးတင်ပြချက်များအား ပေးပို့လာပါတယ်။ ဆွေးနွေးချက် အသေးစိတ်ကို အသံဖိုင်မှာ ဆက်လက် နားဆင်နိုင်ပါတယ်။ အခုလို ပေးပို့လာတဲ့ ဗိုလ်မှူး အောင်လင်းထွဋ် အား စည်းလုံးခြင်းရဲ့အင်အားမှ အထူးပင် ကျေးဇူးတင်ရှိပါတယ် ခင်ဗျား။

အပြည့်အစုံသို့
 

ကိုဖိုးတရုတ်(စည်းလုံးခြင်းရဲ့အင်အား)အတွက် မေးခွန်း ၁၀ ခု

Print

 

စာဖတ်ပရိတ်သတ်များခင်ဗျား

 

မိုးမခ အင်တာနက်ဝက်ဘ်ဆိုဒ်နဲ့ ကျွန်တော်ကိုဖိုးတရုတ်တို့ စကားလက်ဆုံ အပြန်အလှန် ဆွေးနွေးထားချက် တွေကို စာဖတ်ပရိတ်သတ်များ ဗဟုသုတ ရရှိစေဖို့ရယ်၊ ကျွန်တော့် ၀က်ဘ်ဆိုဒ်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို သိမြင် နားလည်နိုင်စေဖို့ရယ် တို့အတွက် တင်ပြပေးလိုက်ပါတယ်။ မိုးမခ ၀က်ဘ်ဆိုဒ်မှာ ပြန်လည် ဖတ်ရှုဖို့ ဒီနေရာမှာ နှိပ်ပြီး သွားရောက် လေ့လာ ဖတ်ရှုနိုင်ပါတယ်။

 

 

မိုးမခနဲ့ စကားလက်ဆုံ

 

ကိုဖိုးတရုတ်ရဲ့ စည်းလုံးခြင်းရဲ့ အင်အားဆိုတဲ့ ၀က်ဆိုက်နဲ့ ဘလော့ဂ်မှာ တပ်မတော်သားများနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ အတွေ့အကြုံတွေကို တင်ဆက်နေတာကို ပရိသတ်က သတိပြုမိနေကြတယ်။ ပြီးတော့ စစ်အုပ်စုဖက်က အဲသည် ၀က်ဆိုက်ကို အကြိမ်ကြိမ် နည်းပညာမျိုးစုံနဲ့ တိုက်ခိုက်လို့ ထိခိုက်နေရတာ ကိုလည်း တွေ့နေရတယ်။ အတိုက်အခံ စာနယ်ဇင်း စာမျက်နှာတခု မဟုတ်ဘဲ တပ်မတော်သားတွေနဲ့ ပတ်သက်တဲ့ အင်တာနက် စာမျက်နှာဖြစ်နေတာရယ်၊ ပြီးတော့ စစ်အုပ်စုဖက်ကနေ ဒီမိုကရေစီ အင်အားစုတွေကို မီဒီယာနဲ့ ထိုးနှက်တာမဟုတ်ဘဲ စစ်အုပ်စုရဲ့ အတွင်းအရေးတွေ၊ စစ်ရာဇ၀တ်မှုတွေကို ဖော်ထုတ်တင်ပြနေတာ ဖြစ်နေလို့ မြန်မာပရိသတ်က ထူးထူးခြားခြား စောင့်ကြည့်နေကြတာကြောင့် အဲသည်က ဖိုးတရုတ်ကို မိုးမခက မေးခွန်း ၁၀ ခု မေးကြည့်ခဲ့ပါတယ်။ ဖတ်ကြည့်ကြပါဦး။

 

(၁) ၂၀၀၇ သံဃာ့သပိတ် အရေးတော်ပုံတုန်းက ဖိုးတရုတ် ဘလောက်ကို မတွေ့မိသေးဖူး။ သို့သော် ၂၀၀၈ နှစ်ဆန်းပိုင်းမှာ ဘလောက်တွေပေါ်မှာ စ သတိပြုမိပါတယ်။ ပြီးတော့ သန်းရွှေတို့ရဲ့ တိုင်းရင်းသားတွေကို မျိုးဖြုတ်စစ်ဆင်ရေးတွေ အကြောင်း ရေးတာတွေကို စပြီး မှတ်မိပါတယ်။ ဟုတ်ပါသလား။

အပြည့်အစုံသို့
 

ဒီမိုကရေစီ ရရှိရေး ဆွေးနွေးခန်း

Monday, 27 July 2009 20:01 administrator
Print

ဒီမိုကရေစီ ရရှိရေး အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို စစ်ရေးအရ တိုက်ဖို့ သင့်၊ မသင့်နဲ့ အလားအလာ ရှိ၊ မရှိ ဆွေးနွေးခန်း အမေးအဖြေ အမှတ်စဉ် (၁)


စာဖတ်ပရိသတ်များခင်ဗျား -


ယနေ့အထိ အီးမေးလ်ပို့လာတဲ့ မေးခွန်းပေါင်း (၁၅)ခု ကို လက်ခံရရှိခဲ့ပါတယ်။ ကျွန်တော် ကိုဖိုးတရုတ်က သိရှိလိုတဲ့ မေးခွန်းတွေကို သထုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆရာဦးခွန်မြင့်ထွန်းက ဖြေကြားထားတာလေးကို ပထမဦးဆုံး တင်ပြပေးလိုက်ပါတယ်။

 

မေးခွန်း (၁) - မြန်မာ့ဒီမိုကရေစီရေးအတွက် အမေရိကန်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံကို ထိပ်တိုက် တွေ့မှာ မလိုလားလို့ စစ်ရေးအရ မ၀င်တာလား။

Last Updated on Sunday, 16 August 2009 23:01 အပြည့်အစုံသို့
 

ဂျွန်ဝီလျံယက်တော ကိစ္စနှင့် ပတ်သက်ပြီး အင်တာဗျူး

Wednesday, 06 May 2009 07:00 administrator
Print
 
 
 
ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ဂျွန်ဝီလျံ ယက်တော ၀င်ရောက်သည့် ကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်မှူးအောင်လင်းထွဋ်နှင့် DVB အင်တာဗျူး

 

 

Last Updated on Sunday, 16 August 2009 22:59 အပြည့်အစုံသို့
 

တပ်မတော် အရာရှိတွေရဲ့ သဘောထားအမြင်နှင့် မြန်မာ - မြောက်ကိုရီးယား ဆက်ဆံရေး

Friday, 01 May 2009 07:00 administrator
Print

 

 

ဗိုလ်ချုပ်အောင်ဆန်း အပေါ် ဗိုလ်သန်းရွှေက ခြေရာတိုင်းပုံ


စာဖတ်သူများခင်ဗျား

 

တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး စစ်ဦးစီးမှူး (ဒုတိယတန်း) အဖြစ် တာဝန် ထမ်းဆောင် ခဲ့တဲ့ ဗိုလ်မှူး အောင်လင်းထွဋ်က VOA အသံလွှင့် ဌာနရဲ့  အာဇာနည်နေ့   အထိမ်းအမှတ်   မြန်မာ့ဒီမိုကရေစီ ရေးရာ ကဏ္ဍရဲ့ ဆွေးနွေးခန်း Interview အစီအစဉ် အသံဖိုင်အား စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်သို့ ပေးပို့လာပါတယ်။ ဗိုလ်မှူး အောင်လင်းထွဋ်က ဆွေးနွေးရာမှာ လွတ်လပ်ရေး ဗိသုကာကြီးနှင့် တပ်မတော် ဖခင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဓါတ်ပုံအား ၁၉၉၂ ခုနှစ်က အာဏာ စတင်ရယူလာတဲ့ ဗိုလ်သန်းရွှေက ဖြုတ်ချ ခိုင်းပြီး စတိုခန်းထဲတွင် ဗိုလ်ချုပ်ပုံကို ပစ်ထားပုံ၊ ဗိုလ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး ပြိုင်ဘက်အနေနဲ့ ယူဆပြီး ဗိုလ်ချုပ် အောင်ဆန်း ဓါတ်ပုံကို ဖြုတ်ချချင်တာထက် သူကိုယ်နှိုက်က စတုတ္ထ မြန်မာနိုင်ငံတော် ထူထောင်သူ ဗိုလ်ချုပ် အောင်ဆန်းကို  ဖယ်ရှားပြီး ခြေရာချင်း တိုင်းလိုတာက အဓိကဖြစ်ပုံ၊ နံနက်တိုင်း အရာရှိ/စစ်သည်တွေ တန်းစီ အလေးပြုရာမှာ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်း နာမည်အား ဖြုတ်ခိုင်းပြီး ရဲဘော်များလို့ သိမ်းကျုံးခေါ်ဝေါ်ခိုင်းပုံ စတာတွေအား ဆွေးနွေး တင်ပြသွားပါတယ်။ ယခုလို ပေးပို့လာတဲ့အတွက် ကျွန်တော် ကိုဖိုးတရုတ်က ဤ၀က်ဘ်ဆိုဒ်ရဲ့ ပင်တိုင် ဆောင်းပါးရှင် ဗိုလ်မှူးအောင်လင်းထွဋ်အား အထူးကျေးဇူး တင်ရှိပါတယ်။ ဒါ့အပြင် ဒီဆွေးနွေးခန်းမှာ ဗိုလ်ချုပ်ကျော်ဇော၊ ဒုဗိုလ်မှူးကြီးအေးမြင့်၊ ဤ၀က်ဘ်ဆိုဒ် ရဲ့ ပင်တိုင်ဆောင်းပါးရှင် မျိုးဆက်သစ် အရာရှိ ကိုညီတိုးငြိမ်းတို့ကလည်း ပါဝင် ဆွေးနွေးခဲ့ကြရာ ဆွေးနွေးခန်း အသေးစိတ်ကို အသံဖိုင်မှာ နားဆင် နိုင်ပါတယ်ခင်ဗျား။

Last Updated on Tuesday, 29 December 2009 16:47 အပြည့်အစုံသို့
 


Page 1 of 2

Who's Online

We have 51 guests online
JoomlaWatch Stats 1.2.8b_10-dev by Matej Koval

<br /> <br /><a href="http://www.onlinecasinoextra.com/">casinos</a> <a href="http://www.99counters.com/">counter</a>

Web Stats free counters
counter Free counter and web stats