Special news

Breaking News

Thursday, 11 March 2010 14:08 Mr.Set
Print PDF

 

 

UWSA အား နအဖ က ပစ်မှတ်ရှာနေမှု သတင်း

 

ရှမ်းပြည်နယ်တွင် ယခုတလော နအဖက စစ်ရေးပြင်ဆင်မှု ပြုလုပ်နေကြောင်း၊ UWSA အပေါ် နအဖက သည်းမခံနိုင်ကြောင်းတို့ကို စစ်ဖက်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင် (လကသ - ရှမ်းတဲ) မှာ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) စစ်ဆင်ရေးရဲ့ ညွှန်ကြားချက်အရ လေတပ်မှ တရုတ်လုပ် A-5 ဂျက်တိုက်လေယာဉ်တွေနဲ့ ရုရှားလုပ် MiG-29 ဂျက်တိုက်လေယာဉ်တွေဟာ မြေပြင်တိုက်ခိုက်မှု လေ့ကျင့်ခန်းများကို ပြင်းပြင်း ထန်ထန် ဆောင်ရွက်နေကြကြောင်း သတင်းရရှိပါတယ်။ လေ့ကျင့်ခန်းကာလကတော့ ၈-၃-၂၀၁၀ ရက်နေ့မှ ၁၁-၃-၂၀၁၀ ရက်နေ့ (ယနေ့အထိ) ဖြစ်ပါတယ်။ အလားတူ တောင်ငူ လေတပ်စခန်း ဌာနချုပ်တွင်ရှိသော တရုတ်လုပ် F-7 ဂျက်တိုက်လေယာဉ်များလည်း လေ့ကျင့်ခန်း ဆောင်ရွက်နေကြပါတယ်။ A-5 နှင့် F-7 ဂျက်တိုက်လေယာဉ် အများစုဟာ Hour ကုန်လုနီးပါးလေယာဉ်များ ဖြစ်ကြသော်လည်း ပိုင်းလော့လေယာဉ်မှူးများမှာ ဘုရားဖက်ပြီး ကြိတ်မှိတ် လေ့ကျင့်နေကြရပါတယ်။

 


 

ဒါ့အပြင် လေတပ်က မကြာမီ ၀ယ်ယူတော့မယ့် ရုရှားလုပ် Mi-35 ရဟတ်ယာဉ် (ရုရှားပြည်တွင်းသုံး Mi-24) တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့အတွက် နိုင်ငံခြားသင်တန်း စေလွှတ်ရန် အရာရှိ/ စစ်သည် စုစုပေါင်း ၂၀၀ ဦးခန့်ကို ရွေးချယ်ထားပြီး ဆေးစစ်နေကြကြောင်းလည်း သတင်းရရှိပါတယ်။ ဝေဟင်မှ မြေပြင်ပစ် Missile လက်နက်များပါ ၀ယ်ယူမည်ဖြစ်ပြီး ရည်ရွယ်ချက်မှာ UWSA “၀” တပ်ဖွဲ့များကို ချေမှုန်းဖို့ အမြန်ဆုံး စီစဉ်နေတယ်လို့ သိရှိရပါတယ်။ ရှမ်းပြည်နယ်မှာ ငြိမ်းချမ်းရေး ရယူခဲ့စဉ်က ကိုးကန့်နဲ့ တိုက်ပွဲမဖြစ်ခင်ကာလ အထိ ရှမ်းပြည်နယ်တစ်ခုလုံးကို တပ်မနှစ်ခုဖြင့်သာ ထိန်းကွပ်ထားရာမှာ ယခုဆိုလျှင် တပ်မ (၃၃)၊ (၅၅)၊ (၇၇)၊ (၉၉) စသည့် တပ်မများ အလုံးအရင်းနဲ့ ရောက်ရှိနေရာယူနေကြပြီ ဖြစ်ပါတယ်။ ဗကပနဲ့ တိုက်ပွဲဖြစ်ခဲ့စဉ်က အတွေ့အကြုံများအရ ကျားကုတ်ကျားခဲ တိုက်ရဲကြတဲ့ “၀” တပ်ဖွဲ့တွေကို တပ်မတော်သားများဟာ အကြောင်းသိနေကြပြီးဖြစ်လို့ တိုက်ပွဲထပ်မံ ဖြစ်ပွါးပါက အသက်၊ သွေး၊ ချွေး တော်တော်ရင်းကြရမှာ ဖြစ်ကြောင်းလည်း သိရှိနေကြပါတယ်။ UWSA “၀” ခေါင်းဆောင်များအား နအဖက မူးယစ်ဆေးဝါး အကြောင်းပြပြီး မိမိအစီအစဉ်နဲ့ တိုက်မှာလား၊ အမေရိကန်ရဲ့ အသိအမှတ်ပြု ထောက်ခံမှုကို ရယူပြီးမှ တိုက်မှာလား ဆိုတာကတော့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ မူလကမှ UWSA ကို နအဖက ပစ်မှတ်ရှာနေချိန်မှာ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပြီးလိုက်ချိန်၌ ဘယ်လိုကိုင်တွယ်သွားမယ် ဆိုတာကို တပ်မတော်သားများက စိုးရိမ်တကြီး စောင့်ကြည့်နေကြရကြောင်း စစ်ဖက်နဲ့နီးစပ်သူ အသိုင်းအ၀ိုင်း ရပ်ကွက်က သတင်း ပေးပို့လာပါတယ်။

 

Last Updated on Thursday, 11 March 2010 15:06
 

Breaking News

Monday, 08 March 2010 22:54
Print PDF

 

ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပြီး

 

တပ်တွင်းပြင်ဆင်မှုသတင်းနှင့် ပြည် (၃) ပြည်

 

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဥပဒေ အတွက် နအဖက မတ်လ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် သတင်းကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ သိရှိရပါတယ်။ နအဖရဲ့ အမိန့်အမှတ် ၁/ ၂၀၁၀ အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နအဖရဲ့ အမိန့်အမှတ် ၂/ ၂၀၁၀ အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နအဖရဲ့ အမိန့်အမှတ် ၃/ ၂၀၁၀ အရ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နအဖရဲ့ အမိန့်အမှတ် ၄/ ၂၀၁၀ အရ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နအဖရဲ့ အမိန့်အမှတ် ၅/ ၂၀၁၀ အရ တိုင်းဒေသကြီး ဥပဒေ သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့ ပါဝင်ကြောင်း သတင်းရရှိပါတယ်။

 

 

 

မကြာသေးမီကလေးကမှ “စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်” သို့ဝင်လာတဲ့ တပ်တွင်း မိသားစု အသိုင်းအ၀ိုင်းများရဲ့ သတင်းပေးပို့ချက်အရ တပ်မိသားစုတွေကို ရွေးကောက်ပွဲအတွက် “မဲ” ပေးရမည့်စာရင်း စတင်ကောက်ယူမည် ဖြစ်ကြောင်း၊ တပ်မတော် (ကြည်းတပ်/ရေတပ်/လေတပ်) တို့မှ အရာရှိ ၂၀၀၀ နီးပါးကို ပြည်ခိုင်ဖြိုး ( ကြံ့ဖွံ့အသင်း)၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်သူ့လွှတ်တော်သို့ ပြောင်းရွှေ့ပေးကာ အသွင်ပြောင်းဖို့ လျာထားခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါ ဌာန (၃) ခု အား ပြည် (၃) ပြည်လို့ ပြောဆိုတင်စားပြီး ထိုအရာရှိများကို အသွင်ပြောင်းဖို့ မတ်လထဲမှာ စစ်ရာထူးခန့်ချုပ်ရုံးမှ အရာရှိများ ပြောင်းရွေ့အမိန့် မကြာခင် ထုတ်ပြန်လာမည်ဖြစ်ကြောင်း၊ ထိုအထဲတွင် ဒုဗိုလ်မှူးကြီးအဆင့် အများစုပါဝင်ပြီး လေတပ်မှ အရာရှိ (၁၀၀) ဦး ခန့်လည်းပါဝင်ကြောင်း၊ NDC (အမှတ်စဉ် - ၉) သင်တန်းဆင်း ဗိုလ်မှူးကြီး (၄၀) ဦးကိုလည်း လွှတ်တော်နှစ်ရပ်တွင် ရွေးကောက်ပွဲဝင်ရန် မလိုသည့် (စစ်တပ်က အုပ်ချုပ်မည့်) လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းထဲမှာ ပါဝင်ရန် ရွေးချယ် စီစဉ်ထားရှိပြီးဖြစ်ကြောင်း၊ ၎င်းတို့ကိုလည်း နေပြည်တော်တွင် သတင်းပို့ခိုင်းထားကြောင်း စတဲ့ပြင်ဆင်မှုသတင်းများကို ခိုင်လုံတဲ့ စစ်ဖက်သတင်းရပ်ကွက်မှ ပေးပို့လာပါတယ်။

 

Last Updated on Monday, 08 March 2010 23:18
 

Breaking News

Tuesday, 23 February 2010 11:47
Print PDF

 

 

ကြားဖြတ် လေတပ်သတင်းများ

 

လေတပ်က အရာရှိ ဗိုလ်မင်းရဲထွန်း ဆိုင်ကယ်တိုက်တဲ့ ဖြစ်စဉ်ကို စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်မှ သတင်းတင်ပြပြီး ဖြစ်ပါတယ်။ နောက်ဆက်တွဲ လေတပ်အသိုင်းအ၀ိုင်းမှ သတင်းပေးပို့လာချက်အရ ဆိုင်ကယ်တိုက်လိုက်သော (လမသ) မိတ္ထီလာ မှ ဗိုလ်မင်းရဲထွန်းက ဆိုင်ကယ်တိုက်ခံရင်္ပြီး သေဆုံးသွားသူရဲ့ မိသားစုအား ငွေကျပ် သိန်း ၂၀ ပေးကာ အမှုမဖြစ်အောင် ကျေအေးကြောင်း လက်မှတ်ရေးထိုးခိုင်းပါတယ်။ အမှတ် - ၂ ရဲစခန်းမှ ထိုဆိုင်ကယ်တိုက်မှု Media မှာ သတင်းပါလာမှုကြောင့် ဗိုလ်မင်းရဲထွန်းအား ၃၀၄ - က ဖြင့် အမှုဖွင့်သော်လည်း ခရိုင်ရဲမှ ပြန်ပိတ်ခိုင်းလိုက်ပါတယ်။ ၁၆-၂-၂၀၁၀ ရက်နေ့က ကာကွယ်ရေးဦးစီးချုပ် (လေ) ရုံးမှ စစ်ဦးစီး အရာရှိချုပ် (လေ) ကိုယ်တိုင် လမသ သို့ ဆင်းလာပြီး လေချုပ်က အရာရှိငယ်ကို အမှုကြီးအောင် ဒ်ီတိုင်းလုပ်ထားရလား၊ ရသေးယင် ပိတ် ဆိုပြီး ဆူလိုက်တယ်ဟု ဆိုသဖြင့် တပ်မှူးများ စိတ်ပျက်နေကြရပါတယ်၊ EO ပေါက်စများ ဆူပူမည်ကို ကြောက်ကာ လွတ်လပ်စွာ ထားနေရပါတယ်။ ၁၇-၂-၂၀၁၀ ရက်နေ့ကလည်း ကာရာအိုကေ KTV မှ မူးပြီးပြန်လာသော လမသမှ ဗိုလ် ၂ ဦး စီးလာတဲ့ ဆိုင်ကယ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။ ထိုဆိုင်ကယ် မှောက်မှုကို အမှတ်(၁) ရဲစခန်း မှ အမှု မဖွင့်ရဲပဲ လေတပ်သို့ ပြန်လွှတ်ပေးလိုက်ပါတယ်။ လေချုပ်ဟာ အရာရှိငယ်များ ဆူပူမည်ကို စိုးရိမ်ကာ တပ်တွင်းတွင်လည်း အရေးမယူရဲဘဲ ဖြစ်နေရပါတယ်။

 

 

Last Updated on Thursday, 25 February 2010 09:53
 

လစာတိုးမြှင့်မှု နောက်ဆုံးသတင်း

Print PDF

 

 လစာတိုးမြှင့်မှု နောက်ဆုံးသတင်း

 

စာဖတ်ပရိတ်သတ်များခင်ဗျား


စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်တွင် တင်ပြခဲ့တဲ့ Hot news ပါ သတင်းအရ တပ်မတော်ရှိ အရာရှိ/စစ်သည်များရဲ့ လစာများအပေါ် ကျပ်ငွေ (၂၀၀၀၀) တိုးမြှင့်ပေးခဲ့တဲ့ သတင်းအပေါ် ထပ်မံပြီး တရားဝင်ကြေညာချက်စာ ထုတ်ပြန်လာကြောင်း စစ်အာဏာရှင်များ ပျော်မွေ့ရာ တောဇနပုဒ် ကြပ်ပြေးမှ ကြားဖြတ်သတင်း ၀င်ရောက်လာပါတယ်။ ယခင်တင်ပြခဲ့တဲ့ Hot news ပါ သတင်းအချက်အလက်အချို့မှာ သတင်းလက်ဦးမှု သိရှိလိုတဲ့ ဆန္ဒအရိုးခံဖြင့်သာ အတွင်းလူများက အလျင်စလို သတင်းပို့ခြင်းဖြစ်ရာ လစာအချို့ အနည်းငယ်လွဲချော်သွားသဖြင့် စာဖတ်သူများ နားလည်မှု မလွဲမှားနိုင်စေရေးအတွက် ယခု ဆက်လက်တင်ပြမည့် Breaking news ပါ သတင်းအချက်အလက်များမှာ တရားဝင်စာ ထုတ်ပြန်လာခဲ့ပြီးဖြစ်လို့ နောက်ဆုံး အတည်ဖြစ်ပါကြောင်း ကျွန်တော် ကိုဖိုးတရုတ်က ဗဟုသုတရရှိ လေ့လာနိုင်စေရန် စီစစ်တင်ပြပေးလိုက်ရပါတယ်။

 

အပြည့်အစုံသို့
 

Hot News

Friday, 19 February 2010 12:33
Print PDF

 “င” လေးလုံးကို ဆောင်

 

၁။ “စည်းလုံးခြင်းရဲ့ အင်အား” ဝက်ဘ်ဆိုဒ်သို့ တပ်တွင်းနီးစပ်သူများနဲ့ အသိုင်းအဝိုင်း မိသားစုများမှ စစ်အာဏာရှင် မိသားစုများရဲ့ အတွင်းရေး သတင်းများကို ပေးပို့လာရာ စာဖတ်ပရိသတ်များအား ဖောက်သည် ချပေးလိုက်ရပါတယ်ခင်ဗျား။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့သား ဗိုလ်တိုးနိုင်မန်း (D.S.A - 42) ဟာ ဆေးအဆင့် နှိမ့်ချပြီးတော့ ထွက်ခွင့်ရအောင်ယူကာ စစ်တပ်မှ မကြာခင် ထွက်ခွါသွားတော့မယ်လို့ သိရှိရပါတယ်။ ဗိုလ်တိုးနိုင်မန်းတစ်ယောက် ရုရှားနိုင်ငံသို့ ပညာတော်သင် သွားရောက်ဖို့ မပါဝင်တာ အကြောင်းရှိမယ်လို့ ရုရှားရောက် အရာရှိများမှ သံသယဝင်နေချိန် ယခုတော့ “ဘွား” ကနဲ ဒီသတင်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ စစ်တပ်ထဲမှာ နေရတာကို ငြီးငွေ့နေလို့လား၊ ဒါမှမဟုတ် သူ့ရဲ့ညီအစ်ကိုဖြစ်သူ အောင်သက်မန်းလို ကုမ္ပဏီ သူဋ္ဌေးကြီးလုပ်ဖို့ အားကျလို့ဘဲလား ဆိုတာကိုတော့ သူနဲ့ မိသားစုဝင်တွေသာ အသိဆုံး ဖြစ်ပါလိမ့်မယ်။ တခြားသူတွေ ထွက်ခွင့်မရပေမဲ့ သူကတော့ သူပေါ့နော်။

Last Updated on Monday, 08 March 2010 23:19 အပြည့်အစုံသို့
 


Page 1 of 6

Who's Online

We have 76 guests online
JoomlaWatch Stats 1.2.8b_10-dev by Matej Koval

<br /> <br /><a href="http://www.onlinecasinoextra.com/">casinos</a> <a href="http://www.99counters.com/">counter</a>

Web Stats free counters
counter Free counter and web stats